Truyen2U.Top - Tên miền mới của Truyen2U.Net. Hãy sử dụng ứng dụng 1.1.1.1 để đọc truyện nhé!

<>

Màu nền
Font chữ
Font size
Chiều cao dòng

Unicode

LiWei ကသူမရဲ့ခံစားချက်အသစ်နဲ့ပတ်သက်ပြီး အရမ်းကိုပျော်ရွှင်လို့နေသည်။ သူမထင်လိုက်တာက သူမကမနုတ္တလူသားတစ်ဦးလို့ပေါ့။ ဘာလို့လဲဆိုတော့သူမကအချိန်ကြာမြင့်စွာအသက်ရှင်နေတာဖြစ်ပြီး သူမအချိန်ဘယ်လောက်ကြာ နေထိုင်ခဲ့တယ်ဆိုတာကိုပင် သူမမသိခဲ့ချေ။

LiWeiဒီလိုမျိုးတစ်ခါမှမခံစားခဲ့ချေ။ သူမသည်တိမ်တိုက်ပေါ်မှာရှိလို့နေသည်။

ပတ်ပတ်လည်ကိုစောင့်ကြည့်ပြီးတဲ့နောက်မှာတော့ အရာဝတ္ထုတော်တော်များများပြောင်းလဲသွားတာကို LiWeiတွေ့လိုက်ရသည်။ ထိုအရာတွေကအရင်ကဲ့သို့မတူညီတော့ချေ။ LiWeiကဒီနေရာကို အရင်ကနဲ့အတူတူဘဲဖြစ်နေနိုင်တယ်လို့တွေးထားတာဖြစ်သည်။ ဒါ‌ပေမယ့်အခုက အပြောင်းအလဲကြီးကြီးမားမားဖြစ်ခဲ့တာကိုသူမမြင်နေရသည်။

LiWeiသူမရဲ့ပထမsystemနဲ့သူမရဲ့တာဝန်တွေကိုပြီးမြောက်ခဲ့ချိန်က သူမကမ္ဘာမြေကိုပြန်မသွားတော့ဘူးလို့ သူမဆုံးဖြတ်ခဲ့သည်။
ဒါကြောင့်သူမထိုပထမတာဝန်ရဲ့ကမ္ဘာမှာဘဲနေခဲ့လိုက်သည်။ ဘာကြောင့်လဲဆိုတော့ သူမကအဲ့ဒီမှာရှိတဲ့အစားအစာဟာ ကမ္ဘာပေါ်မှာရှိတဲ့အစားအစာတွေထက် ပိုမက်မောဖွယ်ကောင်းတာကို‌ေတွ့ခဲ့လို့ဖြစ်သည်။

ထို့နောက်LiWeiဒုတိယsystemကို ထိုကမ္ဘာမှာနေ‌နေရင်းနဲ့တွေ့ဆုံခဲ့သည်။
သူမနောက်ဆုံးတာဝန်ကို ကျင့်ကြံခြင်းကမ္ဘာမှာပြီးမြောင်ခဲ့သည်။ သူမထိုကျင့်ကြံခြင်းကမ္ဘာမှာနေရန်နောက်ထပ်ဆုံးဖြတ်လိုက်သည်။ သူမရဲ့ရှာဖွေတွေ့ရှိဖြစ်တဲ့ 'ရတနာရှာဖွေအမဲလိုက်ခြင်း' ဝါသနာကြောင့်ဖြစ်သည်။

LiWeiသည်ကမ္ဘာပေါ်မှာ ရတနာတွေအများကြီးကိုရှာဖွေတွေ့ရှိဖို့က မဖြစ်နိုင်ကြောင်းသူမသိသည်။ ဒါကြောင့်သူမနေခဲ့ခြင်းသည်။ ဒီကျင့်ကြံခြင်းကမ္ဘာပေါ်မှာကရတနာတွေအများကြီးရှိသည်။ ဒါကြောင့်ဘဲသူမရဲ့ပျော်စရာအတွက်နေခဲ့သည်။

ထို့နောက်LiWeiတတိယsystemနဲ့တွေ့ဆုံပြန်သည်။ သူမဒီကျင့်ကြံခြင်းကမ္ဘာကနေထွက်မသွားနိုင်ခဲ့ချေ။ အဲ့မှာကရတနာတွေနဲ့ပြည့်နေတာလေ။ ဒါကြောင့်သူမနေခဲ့ပြန်သည်။

ထို့နောက်မှာဘဲLiWeiလေးခုမြောက်system နဲ့ကျင့်ကြံခြင်းကမ္ဘာမှာတွေ့ခဲ့ပြန်သည်။ အဲ့အချိန်မှာတော့ LiWeiဟာသူမရဲ့အချိန်တွေကိုပျော်မွေ့စွာနေခဲ့သော်လည်း systemက ၎င်းကိုရပ်တန့်စေခဲ့သည်။ LiWei ထင်တာက သူမsystemနဲ့ချိတ်ဆက်မိတာကအကြောင်းပြချက်တစ်ခုခုရှိလိမ့်မည်ဟုပင်။ ပြီးတော့အဲ့တာကသူမကျင့်ကြံခြင်းကမ္ဘာမှာနေနေခြင်းကြောင့်ပင်။

သူမထိုနေရာမှာနေခဲ့တုန်းကနတ်ဘုရားပင် အချိန်ဘယ်လောက်ကြာခဲ့သလဲဆိုတာ သိလိမ့်မည်။ LiWeiသူမရဲ့ငါးခုမြောက်system နဲ့ပိတ်မိနေခဲ့သည်။ နတ်ဘုရားကသူမကိုခေသစ်ကမ္ဘာမှာမနေစေချင်မှန်းသူမသိလိုက်ရသည်။ ဒါကြောင့်သူမရဲ့ကမ္ဘာကိုပြန်လာခဲ့လိုက်သည်။

သူမနေခဲ့နေရာကတော်တော်များများပြောင်းလဲခဲ့နေပြီ။ သူမရဲ့systemပြောတာက အဲ့ကမ္ဘာမှာသူမကိုတစ်ယောက်မှ မှတ်မိမှာမဟုတ်ဟုပင်။ သူမရဲ့သူငယ်ချင်းတွေတောင်မှပေါ့။ ဒါကြောင့်သူမကအရာရာတိုင်းကို အစကနေပြန်ပြီးစတင်ရတော့မည်ဆိုတာကို သိလိုက်ရသည်။ ဒါပေမယ့်သူမစိတ်ထဲမထားပါဘူး။ ဘာလို့လဲဆိုတော့သူတို့ကအစကတည်းကနီးစပ်မှုမရှိခဲ့လို့ဘဲ။

#########
နဂိုအပိုင်းကိုက တိုတိုလေးပါနော်။
စာက နှစ်မျိုးရိုက်လို့မရတော့တာကြောင့်
SSရိုက်ပြီးဘဲတင်လိုက်ရတာပါ😢😢😢

Bạn đang đọc truyện trên: Truyen2U.Top