Truyen2U.Top - Tên miền mới của Truyen2U.Net. Hãy sử dụng ứng dụng 1.1.1.1 để đọc truyện nhé!
1
Màu nền
Font chữ
Font size
Chiều cao dòng
Zawgyi
Matchmaking Alternative (1.1)
HR manager : " သူဠေး ဒါက စီမံခန့်ခွဲရေးဌာနရဲ့ အစီအစဉ်ရေးဆွဲပေးတဲ့ ဝန်ထမ်းအသစ်ပဲ ၊ ငါမင်းနဲ့တွေ့ဖို့ သူ့ကိုခေါ်လာခဲ့တယ် "
" Miss ရှု " နိုနို ဖြေရမလား မဖြေရမလား စဉ်းစားနေချိန်မှာပဲ ရှောင်ရီက ပြောလာတယ် " ငါမှတ်မိသလောက်တော့ မင်း ကုမ္ပဏီမှာ CV form တင်ခဲ့တုန်းက မင်းရဲ့ ကိုယ်ရေးရာဇဝင်မှာ ဖြည့်စွက်ခဲ့တာက .... " ရှောင်ရီက စကားကိုခနရပ်လိုက်ပြီး ၊ အဓိကခေါင်းစဉ်ကြီးဖစ်တဲ့ " လက်ထပ်ပြီးပြီဆို" တဲ့ စကားကြီးကို ရက်ရက်စက်စက်ပဲ ပြောချလာတယ် ။
@yuki🐱🐣
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
unicode
Blind date မှာ ဘယ်လို စိတ်လှုပ်ရှားစရာတွေနဲ့ ကြုံတွေ့ရမှာလဲ....
နိုနိုရဲ့ ပထမဆုံး blind date ... သူမ မယုံကြည်နိုင်ဘူး ၊ သူမရဲ့ ကံက ဘာလို့ဒီလောက်တောင်ဆိုးနေရတာလဲ ။
သူမရဲ့ ဆန့်ကျင်ဘက်မှာထိုင်နေတဲ့သူကို ကြည့်ရင်း နိုနို မသိမသာ တံတွေးမျိုချလိုက်တယ် ။ သူ့၏ဘေးဘက်က နေရောင်ခြည်က သူရဲ့ပြီးပြည့်စုံတဲ့ရုပ်ရည်သွင်ပြင်ကို လုံးလုံးလျာလျား ထောက်ပံ့ပေးနေတယ် ၊ ဖြောင့်စင်းနေတဲ့ နှာတံနှင့် မျက်လုံးတွေက အနည်းငယ်ထေ့ငေါ့နေ သည်။ ထို့ပြင် သူရဲ့ နှုတ်ခမ်းပါးတွေက ပြုံးလိုက်ပြီး စကားတစ်ခွန်းပြောလာချိန်မှာ နိုနို သူမရဲ့ခေါင်းကို ငုံ့ထားလိုက်မိတယ် ။
" Miss ရှု ၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိပုံရတယ် " လို့ သူပြောလာတယ် ။
ဟုတ်တာပေါ့ သူမတို့ အချင်းချင်းသိကြတယ် ။ လွန်ခဲ့တဲ့ တစ်လလောက်က ၁၇လွှာမှာရှိတဲ့ သူဌေးရဲ့ ရုံးခန်းမှာ သူတို့တွေ့ဖူးတယ် ။
ဒါပေါ့ သေချာပေါက်ကို သူက ယခုလက်ရှိ နိုနိုရဲ့ သူဠေး ရှောင်းရီ ပဲ ။
ယခု ယခုတစ်ခါမှာတော့ သူမရဲ့ ဇာတ်ကောင်က အကန့်သတ်မရှိနေဘူး ၊ သူမ သူမရဲ့ သူဠေးနဲ့ blind date တောင်လုပ်နေခဲ့တယ်။ အရေးကြီးဆုံးက အခုမှ သူမက အစမ်းခန့်ကာလမှာပဲ ရှိနေသေးတယ် ။
လွန်ခဲ့တဲ့ လက သူမမိသားစုနဲ့ သူငယ်ချင်းတွေတားနေတဲ့ကြားက နိုနို နားမထောင်ပဲ လစာအတော်တန်ကောင်းတဲ့ စီမံခန့်ခွဲမှု လုပ်ငန်းကို စွန့်လွှတ်ခဲ့ပြီး လုပ်ငန်းအသစ်ကိုရှာဖွေခဲ့တယ် ။ သူမ အတော်လေး ကံကောင်ခဲ့တယ် ရက်သက်တစ်ပတ်ကျော်မှာပဲ သူမနှစ်သက်တဲ့အလုပ်အသစ်ကို ကုမ္ပဏီ နှစ်ခု သုံးခုလောက်ကနေ ရှာတွေ့ခဲ့တယ်။
ရေးဖြေမှာ အောင်မြင်ခဲ့သလို အင်တာဗျူးမှာလည်း အောင်မြင်ခဲ့တယ် ၊ နိုနိုကို စိတ်ဓါတ်ကျစေသော တစ်ခုတည်းသောအရာက .... အလုပ်စစဝင်ချင်းမှာပဲ သူမရဲ့စိတ်အားထက်သန်မှုတွေကို ရေအေးအေးနဲ့ လောင်းချခံလိုက်ရတာပဲ ။ နိုနိုရဲ့ ကုမ္ပဏီ အသစ်က အရမ်းကျော်ကြားတဲ့ RPG ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်တယ်။ သူမရဲ့ တာဝန်က အစီစဉ်( plan)တွေကိုရေးဆွဲပြီး စီမံခန့်ခွဲရေးဌာနကဘုတ်အဖွဲ့ကိုတင်ပြရတာဖြစ်တယ် ။
သူမရဲ့အလုပ်က မပင်ပန်းသလို လစာလည်းတော်တော်ကိုကောင်းတယ် ။ ကုမ္ပဏီက ကြီးပြီးတော့ အရမ်းတည်ငြိမ်တယ်။ ဒါကြောင့် သူမကိုယ်သူမ တော်တော်လေးကျေနပ်နေမိတယ် ။ အလုပ်ဝင်တဲ့ ပထမဆုံးနေမှာပဲ သူမရဲ့ သူဠေးနဲ့တွေ့ဖို့ HR မန်နေဂျာနောက်ကနေ ၁၇ လွှာက ရုံးခန်းစီကို စိတ်လှုပ်ရှားစွာနဲ့ လိုက်သွားခဲ့တယ် ။  ရလဒ် အနေနဲ့ကတော့ သူမရဲ့ သူဌေးပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူမရဲ့ နှလုံးခုံသံတွေတောင် ရပ်တန့်သွားသလိုပဲ။
HR manager : " boss ဒါက စီမံခန့်ခွဲရေးဌာနရဲ့ plan ေရးဆြဲတဲ့ ဆရာအသစ်ပဲ ၊ ငါမင်းနဲ့တွေ့ဖို့ သူ့ကိုခေါ်လာခဲ့တယ် "
သူက အရမ်းအလုပ်များနေတဲ့ပုံပေါ်သည်၊ သူတို့နှစ်ယောက်ကို ဘာစကားမှပြန်မပြောသလို သူတို့ကိုလည်းကြည့်မလာခဲ့ဘူး သူ့အလုပ်သူပဲဆက်လုပ်နေခဲ့တယ် ။ ရုံူခန်းထဲက လေထုကအလွန်ကိုအဆင်မပြေလှဘူး လေအေးပေးစက်က အသံမှလွှဲပြီး ရုံးခန်းတစ်ခုလုံးမှာ သူတို့၃ယောက်ရဲ့ အသက်ရှူသံတွေပဲရှိတယ်။
နိုနိုက မျက်လုံးတွေကိုလှိမ့်လိုက်ပြီး အံကြိတ်ကာ တစ်ခုခုပြောဖို့ ဆုံးဖြတ်လိုက်တယ် ။ သူမ ဖြေးဖြေးခြင်းပဲ သူ့စာပွဲနားကိုလှမ်းသွားလိုက်ပြီး သူမကိုယ်သူမ မိတ်ဆက်လိုက်တယ် " hello... ကျွန်မနာမည်က ရှုနိုနို ပါ ၊ ဒါက game ကုမ္ပဏီတစ်ခုအတွက် ပထမဆုံးအကြိမ် အစီအစဉ်ရေးဆွဲပေးရတာဖြစ်ပေမယ့် ၊ ကျွန်မရဲ့အလုပ်ကို အကောင်းဆုံးကြိုးစားသွားမှာပါ "
သူမ စကားပြောပြီးပြီးချင်းမှာပဲ သူမသူဌေးဘယ်လို တုံပြန်မလည်းဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်နေလိုက်တယ် ။ သူမကို အားပေးစကားတွေဘာတွေ ပြောလာမလား? နောက်ဆုံးမှာတော့ သူက သူ့ရဲ့ဝန်ထမ်းတွေကို အလုပ်ကြိုးစားဖို့အားပေး စကားတော့ပြောလာမှာပါပဲ ။
ခဏအကြာမှာတော့ သူမရဲ့သူဌေး ရှောင်းရီက ခေါင်းကိုမော့လိုက်ပြီး ၊ သူမကို တစ်ချက် ကြည့်လာတယ် ။ သူက တကယ်ကိုချောမောတဲ့ လူငယ်တစ်ယောက်ဖြစ်ကြောင်းသိလိုက်ရတယ် ၊ သူရဲ့နှုတ်ခမ်းတွေကို အနည်းငယ်ဖွင့်ဟလိုက်ပြီး " စီမံခန့်ခွဲရေးဌာန ? ကုမ္ပဏီစတည်ထောင်ကတည်းက အဲ့ဌာနမှာ အကြာကြီးနေနိုင်မယ့်အမျိုးသမီးဝန်ထမ်း တစ်ယောက်မှမရှိခဲ့ဘူး ၊ ဒါဆို မင်းအလုပ်ကြိုးစားလုပ်ပါ "
နောက်ဆုံးပိုင်း " မင်းအလုပ်ကြိုးစားလုပ် " ဆိုတာကြီးက အားရစရာသိပ်မရှိဘူး .... ဒါပေမယ့်လည်းသူက သူမကို အားပေးစကားတော့ပြောခဲ့တာပါပဲ ။ အဲ့ဒီအချိန်ကစလို့ နိုနိုက သူမသူဌေးရဲ့ အရိပ်ကိုရှောင်ရှားဖို့ စိတ်ဆုံးဖြတ်လိုက်တော့တယ် ။
အလုပ်လုပ်နေစဉ်မှာပဲ ဖြစ်ဖြစ် ဝန်ထမ်းများအစည်းအဝေးမှာပဲ ဖြစ်ဖြစ် ရှောင်းရီဆိုတဲ့ နာမည် ၊ ဒါမှမဟုတ် သူရဲ့ချောမောတဲ့ရုပ်ကိုမြင်တာနဲ့ သူမက ဝေးနိုင်သမျှ ဝေးဝေးကနေပဲ ရှောင်သွားမှာဖြစ်တယ် ။ သူမက လက်တစ်ဖက်ထဲနဲ့ ဗုဒ္ဓရဲ့ ဆုတောင်းမန္တန်ကိုရွတ်ဆိုရင်း " မြတ်ဗုဒ္ဓ ၊ မကောင်းတာတွေပျောက်ကွယ်သွားပါစေ ၊ သူမမြင်ပါစေနဲ့ .... သူငါ့ကို မမြင်ပါစေနဲ့"
ဒါပေမယ့် ဘယ်သူကထင်ထားမှာလဲ .... သူမ အမေစီစဉ်ပေးထားတဲ့ blind date မှာ တွေ့ရမယ့်သူက သူမရဲ့ သူဌေး ဖြစ်နေမယ်လို့လေ ။
နိုနိုကတော့ လုံးဝကို သွားပြီ ....
ဤကဲ့သို့ တိုက်ဆိုင်မှုကြီးက မည်သို့ဖြစ်နိုင်မည်နည်း ။ ဒါပေမယ့် သူမအမေ စီစဉ်ပေးထားတဲ့ blind date မှာ တွေ့ရမယ့်လူက ရိုးရိုးစီးပွားရေးမန်နေဂျာတစ်ယောက်သာဖြစ်တယ်ဆိုတာ သူမ ရှင်းရှင်းလင်းလင်းကြီးကို သိပြီးသားလေ .... အခုဘာလို့ ... သူမ သူ့မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်တယ် ၊ ဒါကြီးက လုံးဝကို ရှက်စရာပဲ ။
" Miss ရှု " နိုနို ဖြေရမလား မဖြေရမလား စဉ်းစားနေချိန်မှာပဲ ရှောင်ရီက ပြောလာတယ် " ငါမှတ်မိသလောက်တော့ မင်း ကုမ္ပဏီမှာ CV form တင်ခဲ့တုန်းက မင်းရဲ့ ကိုယ်ရေးရာဇဝင်မှာ ဖြည့်စွက်ခဲ့တာက .... " ရှောင်းရီက စကားကိုခနရပ်လိုက်ပြီး ၊ အဓိကခေါင်းစဉ်ကြီးဖစ်တဲ့ " လက်ထပ်ပြီးပြီဆို" တဲ့ စကားကြီးကို ရက်ရက်စက်စက်ပဲ ပြောချလာတယ် ။
@yuki🐱🐣
Bạn đang đọc truyện trên: Truyen2U.Top