Truyen2U.Top - Tên miền mới của Truyen2U.Net. Hãy sử dụng ứng dụng 1.1.1.1 để đọc truyện nhé!
6
Màu nền
Font chữ
Font size
Chiều cao dòng
[Zawgyi]
Black Belly Brother (2.2)
ရှောင်းဂျွန်က အသက်ပြင်းပြင်းရှူလိုက်ပြီး နှုတ်ခမ်းကိုကိုက်ခါ အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလာတယ် " ဒါကြောင့် ငါ့အကိုကို စောင့်နေမယ့်အစား ငါ့ကို ဘာလို့မစောင့်တာလည်း ၊ ငါက သူ့ထက်ပိုပြီး ထူးချွန်လာလိမ့်မယ် "
" ငါ့မှာ ရည်းစားရှိတယ် "
ရှောင်းဂျွန်က ခေါင်းကိုကုတ်လိုက်ပြီး " ကျွန်တော် အဖေနဲ့အမေက ခွဲစိတ်ဆရာဝန်တွေဖြစ်ပြီး သုတေသနတွေအမြဲလုပ်နေရတယ် ၊ တစ်ခါတစ်ရံ အလုပ်များလွန်းတာကြောင့် သူတို့ရဲ့ခြေထောက်တွေက မြေကြီးနဲ့ထိဖို့တောင် အချိန်မရှိဘူး တစ်ချိန်လုံး အရေးပေါ်ခွဲစိတ်မှုတွေနဲ့ပဲ အချိန်ကုန်လေ့ရှိတယ် ၊ ငယ်ငယ်ကထဲက အကိုကြီးကပဲ ကျွန်တော့်ကိုစောင့်ရှောက်ပြီး ပြုစုပျိုးထောင်ပေးခဲ့တာဆိုတော့ ... အကိုကြီး ကျွန်တော့်အတွက် စိတ်ပူတာကို နားလည်ပါတယ် ၊ မင်းပြောခဲ့သလိုပဲ ကျွန်တော်ရဲ့ ပညာရေးနှောင်နှေးမှာကြောက်လို့ မင်းကို လိုက်ပို့ခိုင်းတာကိုလည်း သိတယ် ၊ တကယ်တော့ .... ငါမင်းကို တစ်ကယ်ကြိုက်တာပါ တစ်ခြား ဘာအဓိပ္ပာယ်မှမရှိဘူး ၊ ဒါက ကောလိပ်ဝင်ခွင့်စာမေးပွဲကိုလည်း မထိခိုက်ပါဘူး ၊ ဒါကြောင့် ငါကို လက်လျော့သွားစေဖို့အတွက်နဲ့တော့ မင်းကိုမင်း အပုပ်ချနေစရာမလိုပါဘူး "
နှစ်လမ်းသုံးလမ်းလောက်မဟုတ်ပဲ သူမရှေ့သို့ ခုန်ပါက်ရောက်လာကာ ရယ်မောပြီး " ရှုနိုနို ငါ နင့်အတွက် ဂုဏ်ယူပါတယ် " ၊ နိုနို ဒီစကားကိုကြားလိုက်တာနဲ့ သူမရဲ့ နှလုံးခုန်သံတွေမြန်လာပြီး တစ်ခုခု မကောင်းတာဖြစ်တော့မယ့် ခံစားချက်ကြီးကို ခံစားလိုက်ရတယ် " အို့... ဘာအတွက် ဂုဏ်ပြုနေတာလဲ " ၊ Lin MM က သူမရဲ့ မေးစေ့ကိုကိုင်ကာ " သူဠေးက ငါကနေတစ်ဆင့် မင်းကိုအသိပေးခိုင်းလိုက်တယ် ၊ ဒီနေ့ နေ့လည်စာစားပြီးတာနဲ့ ၁၇ထပ်ကို ရွေ့လာဖို့ ပြောခိုင်းလိုက်တယ် "
Lin MM က မမျှော်လင့်ထားတဲ့ သတင်းကြောင့် တစ်စုံတစ်ယောက်ကတော့ အလွမ်းမိုးခံလိုက်ရပြီလို့ ထင်သွားတယ် ၊ ထို့ကြောင့် သူမက နှစ်သိမ့်တဲ့အနေနဲ့ နိုနိုရဲ့ ပခုံးကို ပုတ်လိုက်ပြီး " အံ့သြသွားလား... အို့.. မစိုးရိမ်ပါနဲ့ ၊ သူဌေးက ပေါင်းရသင်းရလွယ်ပါတယ် ၊ ရေဘုအားဖြင့်ပြောရရင်တော့ မင်းက ၁၇ထပ်ကိုရွေ့ပြောင်းခံလိုက်ရတာက အမြဲတမ်းဝန်ထမ်းဖြစ်သွားပြီလို့ ဆိုလိုတာပဲမလား (အလုပ်သင်မဟုတ်တော့တာကိုပြောတာပါ) "
24/11/2021
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
[Unicode]
Black Belly Brother (2.2)
နိုနိုက အရမ်းကိုမှအလုပ်ကြိုးစားတဲ့သူဖြစ်တယ်
ကောလိပ်တက်နေစဉ်မှာပဲ သူမက အားလပ်ရက်တွေကို အခွင့်ကောင်းယူပြီး အလယ်တန်းကျောင်းသူကျောင်းသားများကို သင်္ချာဘာသာရပ်ကို သင်ကြားပေးလေ့ရှိတယ် ။ နောက်ပိုင်းမှာ သူမရဲ့အသင်ပြကောင်းမှုကြောင့် ကျောင်းသားမိဘတွေက သူမကို အချိန်ပိုင်း ဂိုက်လုပ်ပေးဖို့အတွက် အကြံပြုလာကြတယ်။ သူမရဲ့ ဂိုက်အတန်းချိန်တွေက ညနေပိုင်းမှာဆိုတော့ သူမရဲ့ နေ့ခင်းပိုင်းအလုပ်ကိုမထိခိုက်ဖူး ဒါကြောင့် နိုနိုက ယခုချိန်ထိ အချိန်ပိုင်း ကျူရှင်တွေကို လိုက်ပြီး သင်ပြပေးနေတုန်းပဲ ။
နိုနိုက တစ်ခြားကလေးတွေလို တနေကုန်တနေကမ်း အိမ်ထဲမှာပဲ game ဆော့ပြီး အပန်းဖြေနေတဲ့ ဘဝထက် သူမက သူမရဲ့ အသက်မွေးဝမ်ကြောင်းအတွက် အချိန်ပိုင်းအလုပ်တွေနဲ့  ဝင်ငွေရှာရင်း ပျော်မွေ့နေတက်တယ်
တကယ်တော့ နိုနိုက ညနေပိုင်း ကျူရှင်တွေက ပင်ပန်းတယ်လို့မခံစားရဘူး ဒါပေမယ့် အခုပြဿနာ က ရှောင် big boss က ရှောင်းဂျွန်ကို ညနေတိုင်းအိမ်ပြန်လိုက်ပို့ပေးဖို့ ရုတ်တစ်ရက်တောင်းဆိုလာတာပဲ ။ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နေ့တွေမှာ သူမက သူမရဲ့ အချိန်ပိုင်း ကျူရှင်သင်ပြရတဲ့နေရာနဲ့ ဆန့်ကျင်ဘက်ကို သွားရမယ်လို့ ဆိုလိုတာပဲ ။
ဘယ်လိုလုပ်ပြီး ရှောင်းဂျွန်နဲ့ အတူအိမ်ပြန်လို့ရမှာလည်း ။ သူမရဲ့ အချိန်ပိုင်းအလုပ်တွေကို ဖော်ထုတ်မိသွားမှာကို စိုးရိမ်သွားတယ် ။ အလုပ်ပြီးချိန်က ဝန်ထမ်းတွေရဲ့ အားလပ်ချိန်ဖြစ်တဲ့အတွက် သူမရဲ့ အချိန်ပိုင်းအလုပ်က သူမရဲ့အဓိကအလုပ်ကို ဘယ်တုန်းကမှမထိခိုက်ခဲ့ဘူး ။ ဒါပေမယ့် နိုနိုက ဘယ်သူဠေးကမှ သူတို့ရဲ့ဝန်ထမ်းက အချိန်ပိုင်းအလုပ်လုပ်နေတာကို ကြိုက်မှာမဟုတ်ဖူးဆိုတာ ရှင်းရှင်းလင်းလင်းကိုနားလည်တယ်။
ဒီလိုလုပ်ရက်က သူမရဲ့သူဠေးက သူမကို တင့်တိမ်ရောင့်ရဲမှုမရှိဘူးလို့ ထင်သွားစေလိမ့်မယ် ။
သူမဘာလုပ်ရမလဲ ။ နိုနိုက တွေးပြီးရင်း တွေးနေတယ် ။ ရှောင်းဂျွန်နဲ့စတင်ဖို့ကလွဲရင် တစ်ခြားရွေးခြယ်စရာမရှိတော့ဘူး ။
တကယ်တော့ မောင်ငယ်လေးက သူ့အကိုထက် အများကြီးသာတယ် ။
ရှောင်းဂျွန်သာ သူမကိုမုန်းသွားမယ်ဆိုရင် သူက သူမနဲ့အတူတူ အိမ်ကိုပြန်ချင်တော့မှာမဟုတ်ဖူး ။
Plan A : ရွှေတူးသမားပုံရိပ်
လူ့အဖွဲ့အစည်းထဲမှာ ဆင်းရဲဒုက္ခကို မခံစားဖူးတဲ့ ကလေးတစ်ယောက်က အရမ်းကိုမှရိုးရှင်းတယ် ။ သူတို့က ချစ်ခြင်းမေတ္တာလို့ခေါ်တဲ့အရာကို ရုပ်ရည် နဲ့ ပေါင်းသင်းဆက်ဆံရေးကို အခြေခံပြီး သတ်မှတ်ကြတယ် ။ မင်းကသာ ငွေမက်တဲ့ အမူအယာကိုပြလိုက်မယ်ဆိုရင် ရှောင်း ဂျွန်က သေချာပေါက်ကို အရမ်းကြီးစိတ်ဆိုးသွားမယ် မလား ။ ဒါကြောင့် နိုနိုက ရှောင်းဂျွန်နဲ့ ပထမဆုံး bus အတူတူစီးတဲ့နေမှာပဲ မနှစ်မြို့တဲ့အမူအရာကို ပြလိုက်တယ် ။
" မင်းရဲ့အမှားမဟုတ်ပါဘူး ၊ ဒါက မင်းနဲ့အတူတူ bus လိုက်စီးဖို့ ရှောင်း big boss ရဲ့အမိန့်ကို လိုက်နာရုံပါပဲ " ဒီစကားကိုကြားတော့ ရှောင်းဂျွန်က သူ့ရဲ့ခေါင်းကို ငုံ့ထားတယ် ၊ နိုနိုရဲ့ စိတ်ထဲမှာ အနည်းငယ်နာကျင်လို့သွားတယ် ။ တကယ်တော့ ရှောင်းဂျွန်က မဆိုးပါဘူး ။ နှစ်အနည်းငယ်လောက်ကြာရင် သူက သူ့အကိုထက်တောင်ပိုပြီးတော့ ချောမောလာနိုင်တယ် ။ သူ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ အပြုအမူတွေကြောင့် မိန်းကလေးတွေကြားမှာ အလွန်ရေပန်းစားလာနိုင်တယ် ။
တကယ်တော့ နိုနိုက ဒီလိုမျိုးတွေမလုပ်ချင်ပါဘူး ၊ ဒါပေမယ့်လည်း သူမနဲ့ ရှောင်းဂျွန်ရဲ့ အနာဂတ်မှာပျော်ရွှင်ဖို့အတွက် ဒီလိုမျိုး ဆက်ပြီးသရုပ်ဆောင်နေမှဖြစ်မယ် ။
" ဒါနဲ့ ရှောင်းဂျွန်ရေ အမကို မင်းအကိုကြီးရဲ့ဖုန်းနံပါတ်ကို ပေးပါလား ၊ ရက်အနည်းငယ်ကြာရင် အမ သူ့ကို ထမင်းဖိတ်ကျွေးချင်လို့ပါ ။ ဟေး ... မင်းအကိုက ရုပ်ချောပြီးတော့ အရမ်းလည်းချမ်းသာတယ် ပြီးတော့ ငါတို့ company ရဲ့ CEO ဆိုလည်းဟုတ်တယ် ၊ ငါသာ သူနဲ့နီးနီကပ်ကပ်နေမယ်ဆိုရင် ငါ့ရဲ့ ဘဝကို ဘာပူပန်မှုမှမရှိပဲ ချမ်းချမ်းသာသာနေနိုင်လိမ့်မယ် ။ " (ငွေမက်တဲ့ အမကြီးပုံစံ သရုပ်ဆောင်နေတာပါ 😂)
ရှောင်းဂျွန်က တုံ့ပြန်မှုမရှိပဲ တိတ်ဆိပ်နေတာကိုမြင်တော့ နိုနိုက ပြုံးလိုက်ပြီး " ဒါဆို အခုကစပြီး ငါတို့ တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းဆက်ဆံကြမယ် ၊ မင်းကလည်း လိမ္မာတဲ့ ညီလေးလို့ဟန်ဆောင်ပြီး ငါကလည်း ကောင်းမွန်တဲ့ ဝန်ထမ်းတမ်းတစ်ယောက်ပုံစံ ဟန်ဆောင်မယ်၊ မင်း ငါ့ကို မဖော်ထုတ်သရွေ့ မင်းအပြင်ထွက်ကစားတာတွေကို ငါက မမြင်သလို ဟန်ဆောင်ပေးမယ် "
ရှောင်းဂျွန်က ဘာစကားမှမပြောဘဲ သူ့ရဲ့ကျောင်းလွယ်အိတ်ကို ဆွဲယူလိုက်တယ် ။ နိုနိုက အနည်းငယ်စိုးရိမ်လာတယ် ၊ သူမရဲ့ အလျှင်လိုမှုကြောင့် ကလေးက သူမကိုများ လန့်သွားပြီလား ။
အချိန်အတော်ကြာပြီးတဲ့နောက် ရှောင်းဂျွန်က ခေါင်းမော့ပြီး တိုးတိုးလေးပြောလာခဲ့တယ် " အကိုကြီးက သူ့ company တွေကို စာရင်းသွင်းလို့ မပြီးခင်မှာ အိမ်ထောင်မပြုသေးဘူးလို့ ပြောထားတယ် ။ သူ့ရဲ့ companies တွေ လက်ရှိဖွံ့ဖြိုးတိုးတက်နေတဲ့ အရှိတ်နဲ့ တွက်မယ်ဆိုရင် အနည်းဆုံး၅ နှစ်လောက်တော့ကြာလိမ့်မယ် ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အမေက သူ့ကို blind date အတင်းအကြပ်လုပ်ခိုင်းခဲ့တယ် ... ဒါကြောင့် ..."
ရှောင်းဂျွန်က အသက်ပြင်းပြင်းရှူလိူက်ပြီး နှုတ်ခမ်းကိုကိုက်ခါ အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလာတယ် " ဒါကြောင့် ငါ့အကိုကို စောင့်နေမယ့်အစား ငါ့ကို ဘာလို့မစောင့်တာလည်း ၊ ငါက သူ့ထက်ပိုပြီး ထူးချွန်လာလိမ့်မယ် "
နိုနိုက လုံးဝကြောင်သွားတယ် .....
ဒါကိုကြည့်ခြင်းအားဖြင့် ရှောင်းဂျွန်ရဲ့ နှလုံးသားက အနာဂတ်မှာ သူ့အကိုထက် ပိုမြင့်လာမယ့်ပုံပဲ " မင်းနဲ့ မင်းအကိုရဲ့ ပိုက်ဆံတွေကို ငါမက်မောနေတာကို မင်းက စိတ်မဆိုးဘူးလား "
ရှောင်းဂျွန်က ရှက်ရွံကာ ခေါင်းကိုတဆတ်ဆတ်ခါပြီး " မင်းက စီးပွားရေးအခြေအနေကိုတိုင်းတာပြီး ၊ လက်တွဲဖော်ကို တစ်ဘဝလုံးစာရည်ရွယ်ပြီး လက်ထပ်ချင်တာကို အမှန်တိုင်း ထုတ်ဖော်ပြသတဲ့အတွက် ငါ.... ငါ အရမ်းပျော်တယ် "
နိုနိုရဲ့ နှုတ်ခမ်းတွေက အနည်းငယ်တုန်ရီသွားပြီး သူမ ဘာစကားမှ ဆက်မပြောနိုင်တော့ဘူး၊ ဒီအတိုင်းသာဆို သူမရဲ့ ရွှေတူးသမားအစီအစဉ်က ကျရှုံးသွားပုံပဲ။
Plan B - " ငါ့မှာ ရည်းစားရှိတယ် "
" ငါ့မှာ ရည်းစားရှိတယ် "
ဒီအကြောင်းပြချက်က နည်းနည်း ဒိတ်အောက်နေပေမယ့် နိုနိုကတော့ သူမမှာ ဟိုးအရင်ထဲက ရည်းစားရှိတယ်ဆိုတဲ့ပုံစံကို ပြသဖို့အတွက် ကြိုးစားနေတုန်းပဲ ။ " ဟိုးအရင်ချိန်တွေထဲက ငါက ကောင်လေးတွေကို ထည်လဲတွဲပြီး ငါ့ဘက်ကပဲ စပြီး လမ်းခွဲပြီး စွန့်ပစ်ခဲ့တယ် ၊ ငါက နှလုံးသားများစွာကို ဆော့ကစားခဲ့ပြီး ငါ့ရဲ့ မျက်နှာပေါ်မှာတော့ " ဝမ်တိန် " ဆိုတဲ့စာကို ချိတ်ဆွဲလို့ထားတယ် "
ရလဒ်အနေနဲ့  နိုနိုရဲ့ စကားကိုပြီးအောင် စောင့်နေတဲ့ ရှောင်းဂျွန်က သူမစီကို တစ်လမ်းချင်းတိုးလာခဲ့ပြီး " ကျေးဇူးပဲ နိုနို " သူ့ရဲ့ မျက်လုံးတွေကတော့ တဖြေးဖြေးတောက်ပလာတယ် ။
သူမကို ဘာကြောင့် ကျေးဇူးတင်နေတာလဲ ??
ရှောင်းဂျွန်က ခေါင်းကိုကုတ်လိုက်ပြီး " ကျွန်တော် အဖေနဲ့အမေက ခွဲစိတ်ဆရာဝန်တွေဖြစ်ပြီး သုတေသနတွေအမြဲလုပ်နေရတယ် ၊ တစ်ခါတစ်ရံ အလုပ်များလွန်းတာကြောင့် သူတို့ရဲ့ခြေထောက်တွေက မြေကြီးနဲ့ထိဖို့တောင် အချိန်မရှိဘူး တစ်ချိန်လုံး အရေးပေါ်ခွဲစိတ်မှုတွေနဲ့ပဲ အချိန်ကုန်လေ့ရှိတယ် ၊ ငယ်ငယ်ကထဲက အကိူကြီးကပဲ ကျွန်တော့်ကိုစောင့်ရှောက်ပြီး ပြုစုပျိုးထောင်ပေးခဲ့တာဆိုတော့ ... အကိုကြီး ကျွန်တော့်အတွက် စိတ်ပူတာကို နားလည်ပါတယ် ၊ မင်းပြောခဲ့သလိုပဲ ကျွန်တော်ရဲ့ ပညာရေးနှောင်နှေးမှာကြောက်လို့ မင်းကို လိုက်ပို့ခိုင်းတာကိုလည်း သိတယ် ၊ တကယ်တော့ .... ငါမင်းကို တစ်ကယ်ကြိုက်တာပါ တစ်ခြား ဘာအဓိပ္ပာယ်မှမရှိဘူး ၊ ဒါက ကောလိပ်ဝင်ခွင့်စာမေးပွဲကိုလည်း မထိခိုက်ပါဘူး ၊ ဒါကြောင့် ငါကို လက်လျော့သွားစေဖို့အတွက်နဲ့တော့ မင်းကိုမင်း အပုပ်ချနေစရာမလိုပါဘူး "
နိုနိုက အနည်းငယ်လန့်သွားတယ် ၊ ဒီလိုပြောလာပုံအရ သူက သူမလိမ်ညာပြောဆိုနေတာကို အစထဲက သိနေတာလား ....
နိုနိုက နှစ်စက္ကန့်လောက် အံ့သြသွားတယ် ၊ သူမ ဒေါသလည်းထွက်သလို ယုံလည်းမယုံနိုင်ဘူး .... ဒါက သူမ ၁၈နှစ်အရွယ် ကောင်လေးစီကနေ လှည့်စားခံလိုက်ရတာလား ။ " ငါလိမ်ပြောနေတယ်ဆိုတာကို မင်းကဘလိုလုပ်သိတာလဲ ၊ အမက မင်းထက် အသက်အများကြီး ကြီးတယ် ဒါ့ကြောင့် ရည်းစားဟောင်းအနည်းငယ်ရှိတယ်ဆိုတာက ပုံမှန်ပါပဲ "
ဒီစကားကိုကြားတော့ ရှောင်းဂျွန်က ကြည်လင်နေတဲ့မျက်လုံးတွေနဲ့ နိုနိုကို သေချာစိုက်ကြည့်ရင်း ခေါင်းယမ်းကာ " မဟုတ်ဘူး .... မင်းပြောသလို မဟုတ်ဘူး "
နိုနိုရဲ့ ကျောပြင်မှာ ချွေးတွေစိုရွဲနေပြီ....
ရှောင်းဂျွန်ရဲ့ စကားတွေက အနည်းငယ်တုန်ခါနေတယ် " မင်းငါ့အရွယ်တုန်းက ... မင်း တစ်ခါမှ မချစ်ခဲ့ဖူးဘူး "
ဒီအချိန်မှာတော့ နိုနိုရဲ့ မျက်လုံးတွေက ပြူးကျယ်လာပြီး " မင်းက ဘလိုလုပ်ပြီး သိတာလဲ "
ရှောင်းဂျွန်က ဖော်ရွေစွာပြုံးပြလာပြီး " ကျွန်တော်က လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကိုကြည့်လိုက်တာနဲ့  မြင်နိုင်တယ်လေ ၊တစ်ခြားသူတွေက နှလုံးသားထဲကနေလာတဲ့ စကားတွေကိုပြောကြတယ် ။  နွေရာသီအားလပ်ရက်တုန်းက ကျွန်တော်အဖိုးရဲ့နောက်ကိုလိုက်ပြီး ရုပ်လက္ခဏာဗေဒ ပညာရပ်ဖြစ်တဲ့ " book of changes " ကို သင်ယူခဲ့တယ် ၊ နိုနို မင်းကြည့်ရတာ ဖြူစင်ရိုးသားတဲ့မိန်ကလေးနဲ့တူတယ် "
ရှေင်းဂျွန်က " မိန်းကလေး" ဆိုတဲ့ စကားလုံးဖြင့် နိုနိုကို ရည်ညွှန်လိုက်တာဖြစ်ပြီး ၊ သူမအလုပ်ခွင်ထဲဝင်ကထဲက သူမကို မည်သူကမှ ဒီလိုမရည်ညွှန်းတော့ဘူး ။  ဒါပေမယ့် ဒါက အရေးမကြီးပါဘူးလေ .... နိုနိုရဲ့ မျက်လုံးတွေက ကြယ်လေးတွေလို တလက်လက်တောက်ပ့လာပြီး " အံ့သြစရာပဲ 😲 မင်းက လက္ခဏာ ဖတ်တတ်တာလား ?? ၊ အာ... ငါ့လစာ တစ်လကို သောင်းဂဏာန်း ဘယ်အချိန်ရမလဲဆိုတာ ကြည့်ပေးပါဦး "
" ကောင်းပြီ ဒါက ခန့်မှန်းရခက်ပေမယ့် ကိစ္စမရှိပါဘူး ၊ ကျွန်တော် ဒီညအိမ်ပြန်ရောက်ရင် စာအုပ်ကိုပြန်ကြည့်လိုက်မယ် ၊ မနက်ဖြန်ကြရင် မင်းအတွက် ကြည့်ပေးမယ် "
"ကောင်းတယ် ကောင်းတယ် " နိုနိုက သူမရဲ့ ကိုယ်ပိုင်စိုးရိမ်မှုတွေကိုယ် လုံးလုံးလျားလျားမေ့သွားတဲ့အပြင် မနက်ဖြန်မှာ ထပ်ပြီးတွေ့ဖို့တောင် သဘောတူလိုက်သေးတယ် ။
ထို့ကြောင့် နဂါးက နဂါးမွေးတယ် ၊ ဖီးနစ်က ဖီးနစ်မွေးတယ်၊ ရှောင်းမိသားစုအိမ်မှာ အကြံသမား ညီလေးရှိနေတယ် ၊ ဒီကောင်လေး ဘယ်လိုတောင် ဆိုးလိုက်သလဲ....
အကျင့်ပျက်တဲ့ အမျိုးသမီးအစီအစဉ်က ကျရှုံးသွားတဲ့အပြင် သူမကိုယ်တိုင်တောင် ပြန်ပေးဆွဲခံလိုက်ရသေးတယ် 🤣
နိုနို နဲ့ ရှောင်းဂျွန်က bus ကားကို တပတ်ကျော်ကြာအောင် အတူစီးခဲ့ပေမယ့် အခုချိန်ထိ ဒီကိစ္စကိုဖြေရှင်းဖို့အတွက် စဉ်းစားလို့မရသေးဘူး ဖြစ်နေတယ်။
ဒါကြောင့် သူနဲ့အတူတူ bus ကားစီးချင်ယောင်ဆောင်ပြီး လိုရာခရီးကိုရောက်တာနဲ့ Taxi ငှားပြီး သူမစာသင်ရမယ့်ကလေးတွေရှိရာသို့ အပြေးပြန်ရတယ် ၊ နေ့တိုင်းလိုလို သူမမှာ စကားမပြောနိုင်တော့အောက်အောင်ကို ပင်ခံနေတယ် ။
နိုနို ကူကယ်ရာမဲ့နေတဲ့အချိန်မှာပဲ companyမှာ သေးငယ်သလိုနဲ့ ကြီးမားတဲ့ ကိစ္စတစ်ခုကပေါ်ပေါက်လာခဲ့တယ် ။
ထိုနေ့ နေ့လယ်မှာပဲ နိုနိုက နေ့လယ်စာကို စားပြီးသည်နှင့် ရုံးခန်းကိုပြန်ပြီး အိပ်ဖို့ အဆင်သင့်ဖြစ်နေပြီ ၊ ဒါပေမယ့် အုပ်ချုပ်ရေးမှုးရုံးခန်းက Lin MM အမည်ရှိတဲ့ မိန်းကလေးတစ်ယောက်က သူမကို ဝမ်းသာအားရ လက်ပြပြီး နှုတ်ဆက်နေတာကိုတွေ့လိုက်ရတယ် ။ Lin MM ရဲ့ အသွင်ပြင်က ပိန်ပါးပြီး နူးညံ့တဲ့ပုံပေါ်တာကြောင့် လူတိုင်းက သူမကို Lin MM ဟု ခေါ်ကြတယ် ။
နှစ်လမ်းသုံးလမ်းလောက်မဟုတ်ပဲ သူမရှေ့သို့ ခုန်ပါက်ရောက်လာကာ ရယ်မောပြီး " ရှုနိုနို ငါ နင့်အတွက် ဂုဏ်ယူပါတယ် " ၊ နိုနို ဒီစကားကိုကြားလိုက်တာနဲ့ သူမရဲ့ နှလုံးခုန်သံတွေမြန်လာပြီး တစ်ခုခု မကောင်းတာဖြစ်တော့မယ့် ခံစားချက်ကြီးကို ခံစားလိုက်ရတယ် " အို့... ဘာအတွက် ဂုဏ်ပြုနေတာလဲ " ၊ Lin MM က သူမရဲ့ မေးစေ့ကိုကိုင်ကာ " သူဠေးက ငါကနေတစ်ဆင့် မင်းကိုအသိပေးခိုင်းလိုက်တယ် ၊ ဒီနေ့ နေ့လည်စာစားပြီးတာနဲ့ ၁ရထပ်ကို ရွေ့လာဖို့ ပြောခိုင်းလိုက်တယ် "
" ဘလို.... ဘလို..." နိုနိုရဲ့ မျက်လုံးတွေပြူးကျယ်သွားပြီး သူမရဲ့မေးစေ့ကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးနီးဖြစ်နေတယ် ။
Lin MM က မမျှော်လင့်ထားတဲ့ သတင်းကြောင့် တစ်စုံတစ်ယောက်ကတော့ အလွမ်းမိုးခံလိုက်ရပြီလို့ ထင်သွားတယ် ၊ ထို့ကြောင့် သူမက နှစ်သိမ့်တဲ့အနေနဲ့ နိုနိုရဲ့ ပခုံးကို ပုတ်လိုက်ပြီး " အံ့သြသွားလား... အို့.. မစိုးရိမ်ပါနဲ့ ၊ သူဌေးက ပေါင်းရသင်းရလွယ်ပါတယ် ၊ ရေဘုအားဖြင့်ပြောရရင်တော့ မင်းက ၁ရထပ်ကိုရွေ့ပြောင်းခံလိုက်ရတာက အမြဲတမ်းဝန်ထမ်းဖြစ်သွားပြီလို့ ဆိုလိုတာပဲမလား (အလုပ်သင်မဟုတ်တော့တာကိုပြောတာပါ) "
နိုနိုရဲ့ မျက်လုံးတွေက မှောင်မိုက်သွားပြီး ၊ သူမရဲ့ နှလုံးသားထဲမှာပဲ တိတ်တဆိတ်ငိုကြွေးလိုက်တယ် "-"
[ yuki သင်တန်းက exam ရှိနေတဲ့အတွက်ရော နောက်သင်တန်းတစ်ခုပါ ထက်တက်နေရတဲ့အတွက် ၊တစ်ပတ်လောက် စာမတင်ဖြစ်ခဲ့ပါဘူး 🥺]
24/11/2021
Bạn đang đọc truyện trên: Truyen2U.Top